Sunday, February 22, 2015

Akeda

အကီဒဟ်​ (ယုံကြည်​ချက်​)

၅ ။ အလ္လာဟ်​အသျှင်​မြတ်​သည် အမြဲရှင်လျက် ​ရှိေ​​​​နတော်မူ၍ (အိုခြင်း ၊နာခြင်း ၊​​​သေခြင်း ၊ ​​ဖောက်​ပြန်​​ပြောင်းလွဲခြင်းမရှိ)အရာရာကိုစွမ်း​ဆောင်​​နိုင်​​တော်​မူ၏။ မည်​သည့်​အရာမှ ထိုအသျှင်​၏ အသိဥာဏ်​​တော်​နှင့်​ လွတ်​ကင်းခြင်းမရှိ ၊ အကြွင်းမရှိ မြင်​​တော်​မူ၍ အကြွင်းမရှိ ကြား​တော်​မူ၏ ၊အမိန့်​​ပေး​တော်​မူ၏ ၊သို့ရာတွင်​ ထိုအသျှင်​၏အမိန့်​ စကားသည်​ကျွနု​ပ်​တို့၏ စကားကဲ့သို့မဟုတ်​​ပေ ။

အလိုဆန္ဒရှိ​တော်​မူရာပြု​တော်​မူ၏ ၊မည်​သူတစ်​ဦးတစ်​​ယောက်မျှ တားဆီးကန့်​ကွက် ပိတ်​​​​ပင်​နိုင်​ခြင်းမရှိ ၊ ထိုအသျှင်​သည်​ခ.၀ပ်​ကိုးကွယ်​ဆည်း ကပ်​ထိုက်​​သော အသျှင်​ဖြစ်​၏။ ထိုအသျှင်အား မည်​သူတစ်​ဦးတစ်​​ယောက်​မျှ တုဖက်​ ယှဉ်​ပြိုင်နိုင်​သူမရှိ ၊ မိမိဖန်​ဆင်းထား​သော ဗန္ဒာဟ် ​အ​ပေါင်းအား ဂရုဏာထား​တော်​မူ၏ ၊ အစိုးရ​တော်​မူ​သောအသျှင်​ဖြစ်​၍ ချွတ်​ယွင်း ချက်​အ​ပေါင်းနှင့်​ ကင်း​ဝေး သန့်​စင်​​တော်မူ၏။ ထိုအသျှင်​သည်​ပင်​ မိမိ၏​ ကျေးကျွန်များကို ​ဘေးအန္တရာယ်​​အ​ပေါင်းတို့ ကာကွယ်​​စောင့်​​ရှောက်​​တော်​မူ၏။
ထိုအသျှင်​သည်​ ဂုဏ်​ကျက်​သ​ရေအ​ပေါင်းနှင့်​ ပြည့်​စုံ​တော်​၍ ခပ်​သိမ်းကုန်​အ​ပေါင်းတို့ထက်​ ကြီးကျယ်​​တော်​မူ​သောအသျှင်​ဖြစ်​၏၊ ခပ်​သိမ်းကုန်​​သော အရာဝတ္ထု အ​ပေါင်းကို ဖန်​ဆင်း​တော်​မူ​သော အသျှင်​ဖြစ်​၏၊ ထိုအသျှင်​ကို မည်​သူကမျှဖန်​ဆင်းသည်​မဟုတ်​၊

akeda

အပြစ် အကုသိုလ်များကို ခွင့်လွတ်ချမ်းသာပေးနိုင်တော်မူသော အသျှင်ဖြစ်သည်၊
စွမ်းဆောင်နိုင်တော်မူသောအသျှင်၊ များစွာပေးကမ်း မ,စတော်မူသောအသျှင်၊စားနပ်
ရိက္ခာပေးပို့ သနားတော်မူသောအသျှင်ဖြစ် 0၊ အလိုတော်ရှိလျှင် အကြင်သူ၏စားနပ်
ရိက္ခာကို ဆုတ်ယုတ် ကျပ်တည်းစေ 0၊ အလိုတော်ရှိလျှင် အကြင်သူ၏စားနပ်ရိက္ခာကို
ကျယ်ဝန်း ပေါများစေတော်မူသည်။
အကြင်သူအား အလိုတော်မရှိလျှင် နှိမ့်ချတော်မူ 0၊အကြင်သူအား အလိုတော်ရှိလျှင်
မြှင့်တင်တော်မူ၏၊ အကြင်သူအား အလိုတော်ရှိလျှင် ဂုဏ်ကျက်သရေ ပေးတော်မူ 0၊
အကြင်သူအား အလိုတော်ရှိလျှင် သေးသိမ်ခြင်းကို ပေးတော်မူ၏၊

Monday, February 2, 2015

အစားအ​သောက်​ကျူးခြင်း၏ရလဒ်

လွန်​ကဲစွာစား​သောက်​မှုနှင့်​ ပက်​သက်​ပြီး ဟဇရသ်​အာ​အေရှာသခင်​မသည်​ ​အောက်​ပါအတိုင်းမိန့်​ကြား​တော်​မူခဲ့သည်​။ကိုယ်​​တော်​မြတ်​(ဆွ)သည်​ ၀ဖားသ်​ဖြစ်​ ​လောကမှကြွမြန်းသွား​တော်​မူပြီး​နောက်​တွင်​ အွမ္မသ်​သားများအားလုံး ဦးစွာကြုံ​တွေ့ရင်​ဆိုင်​ရမည့်​ပြဿနာသည်​၀မ်းဗိုက်​အပြည့်​စားသုံးသည့်​ကိစ္စရပ်​ပင်ြ​ဖစ်​သည်​။ သို့ရှိရာ ဗိုက်​အပြည့်​ စားသုံးခြင်း​ကြောင့် ခန္ဓာကိုယ်​သည်​ ၀ဖြိုးလာမည်​။သို့​သော်​စိတ်​နှလုံးသားသည်​ အားအင်​ချို့တဲ့သွားမည်​ဖြစ်​သည်​။ ထို့အပြင်​ ၀မ်းဗိုက်​ပြည့်​​နေ​သော​ကြောင့်​ လူသားသည်​စိတ်​အလို ဆန္ဒရိုင်းများ​နောက်​သို့ လွယ်​ကူစွာ လိုက်​ပါသွား​ပေမည်​။ဆိုလိုသည်​မှာ လူသားသည်​ ၀မ်း​ဗိုက်​လွန်​စွာပြည့်​​နေလျှင်​ အမျိုးမ်ျိုး​သောမ​ကောင်းမှုများကိုလွယ်​လင့်​တကူကျူးလွန်​မိ​ကြောင်း အားလုံးသ​ဘော​ပေါက်​နိုင်​ကြ​ပေသည်​။