အကီဒဟ် (ယုံကြည်ချက်)
၅ ။ အလ္လာဟ်အသျှင်မြတ်သည် အမြဲရှင်လျက် ရှိနေတော်မူ၍ (အိုခြင်း ၊နာခြင်း ၊သေခြင်း ၊ ဖောက်ပြန်ပြောင်းလွဲခြင်းမရှိ)အရာရာကိုစွမ်းဆောင်နိုင်တော်မူ၏။ မည်သည့်အရာမှ ထိုအသျှင်၏ အသိဥာဏ်တော်နှင့် လွတ်ကင်းခြင်းမရှိ ၊ အကြွင်းမရှိ မြင်တော်မူ၍ အကြွင်းမရှိ ကြားတော်မူ၏ ၊အမိန့်ပေးတော်မူ၏ ၊သို့ရာတွင် ထိုအသျှင်၏အမိန့် စကားသည်ကျွန်ုပ်တို့၏ စကားကဲ့သို့မဟုတ်ပေ ။
အလိုဆန္ဒရှိတော်မူရာပြုတော်မူ၏ ၊မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးကန့်ကွက် ပိတ်ပင်နိုင်ခြင်းမရှိ ၊ ထိုအသျှင်သည်ခ.၀ပ်ကိုးကွယ်ဆည်း ကပ်ထိုက်သော အသျှင်ဖြစ်၏။ ထိုအသျှင်အား မည်သူတစ်ဦးတစ်ယောက်မျှ တုဖက် ယှဉ်ပြိုင်နိုင်သူမရှိ ၊ မိမိဖန်ဆင်းထားသော ဗန္ဒာဟ် အပေါင်းအား ဂရုဏာထားတော်မူ၏ ၊ အစိုးရတော်မူသောအသျှင်ဖြစ်၍ ချွတ်ယွင်း ချက်အပေါင်းနှင့် ကင်းဝေး သန့်စင်တော်မူ၏။ ထိုအသျှင်သည်ပင် မိမိ၏ ကျေးကျွန်များကို ဘေးအန္တရာယ်အပေါင်းတို့ ကာကွယ်စောင့်ရှောက်တော်မူ၏။
ထိုအသျှင်သည် ဂုဏ်ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်၍ ခပ်သိမ်းကုန်အပေါင်းတို့ထက် ကြီးကျယ်တော်မူသောအသျှင်ဖြစ်၏၊ ခပ်သိမ်းကုန်သော အရာဝတ္ထု အပေါင်းကို ဖန်ဆင်းတော်မူသော အသျှင်ဖြစ်၏၊ ထိုအသျှင်ကို မည်သူကမျှဖန်ဆင်းသည်မဟုတ်၊
No comments:
Post a Comment