လွန်ကဲစွာစားသောက်မှုနှင့် ပက်သက်ပြီး ဟဇရသ်အာအေရှာသခင်မသည် အောက်ပါအတိုင်းမိန့်ကြားတော်မူခဲ့သည်။ကိုယ်တော်မြတ်(ဆွ)သည် ၀ဖားသ်ဖြစ် လောကမှကြွမြန်းသွားတော်မူပြီးနောက်တွင် အွမ္မသ်သားများအားလုံး ဦးစွာကြုံတွေ့ရင်ဆိုင်ရမည့်ပြဿနာသည်ဝမ်းဗိုက်အပြည့်စားသုံးသည့်ကိစ္စရပ်ပင်ဖြစ်သည်။ သို့ရှိရာ ဗိုက်အပြည့် စားသုံးခြင်းကြောင့် ခန္ဓာကိုယ်သည် ၀ဖြိုးလာမည်။သို့သော်စိတ်နှလုံးသားသည် အားအင်ချို့တဲ့သွားမည်ဖြစ်သည်။ ထို့အပြင် ၀မ်းဗိုက်ပြည့်နေသောကြောင့် လူသားသည်စိတ်အလို ဆန္ဒရိုင်းများနောက်သို့ လွယ်ကူစွာ လိုက်ပါသွားပေမည်။ဆိုလိုသည်မှာ လူသားသည် ၀မ်းဗိုက်လွန်စွာပြည့်နေလျှင် အမျိုးမ်ျိုးသောမကောင်းမှုများကိုလွယ်လင့်တကူကျူးလွန်မိကြောင်း အားလုံးသဘောပေါက်နိုင်ကြပေသည်။
No comments:
Post a Comment